“လူငယ်များ ပြတိုက်ကြည့်ရှုလိုစိတ်ရှိစေရန် ဖိတ်ခေါ်ဖို့ ပြည်ထောင်စုဝန်ကြီးမှာကြား”

25 May

လူငယ်များပြတိုက်ကြည့်ရှုလိုစိတ်ရှိစေရန် ဖိတ်ခေါ်ခြင်း၊ ရှင်းလင်းပြသခြင်းများ ဆောင်ရွက်သွားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မေလ ၂၂ ရက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးစဥ် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာ့မြေပေါ်မှာ မိမိတို့ဘိုးဘွားများ စဉ်ဆက်မပြတ်နေထိုင်ခဲ့တဲ့ သမိုင်းအမှန်ကို ကြည့်ရှုသူများ နားလည်သိမြင်အောင် ရှင်းလင်းချက်များ၊ပြကွက်များနဲ့ ပြသသွားရန် လိုအပ်ကြောင်း၊ Digital Museum အဆင့်မြှင့်တင်နိုင်ခြင်း ဆောင်ရွက်နေပြီဖြစ်၍ အမြန်ပြီးစီးအောင် တွန်းအားပေးဆောင်ရွက် သွားရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် အများပြည်သူများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုး လေးစားတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်သန်လာစေရေး အသိပညာပေး လှုံ့ဆော် မှုများ ပြုလုပ်ပေးရာမှာ ဆိုရှယ်မီဒီယာများမှတစ်ဆင့် အသိပညာပေးမှုများ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။ (NVS 004)

25 May

ADVERTISE HERE .