“ပုသိမ်စက်မှုဆိပ်ကမ်းမှ ရနောင်းဆိပ်ကမ်းသို့ ဇွန်လအတွင်းပြောင်းဆန်တန်ချိန် ၁,၈၀၀ တိုက်ရိုက်တင်ပို့မည်”
25 May
ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိတဲ့ အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့ Strategy Win Trading နှင့် AEG ကုမ္ပဏီတို့ပူးပေါင်းကာ ဇွန်လအတွင်း ပြောင်းဆန် တန်ချိန် ၁,၈၀၀ တိုက်ရိုက်တင်ပို့မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှနေ၍ ဆန်များတိုက်ရိုက်တင်ပို့မည့် အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမို တိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှု ဆိပ်ကမ်းမှတစ်ဆင့် တိုင်းဒေသကြီး၏ ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်ပစ္စည်းများကိုလည်း တိုင်းဒေသကြီးအတွင်း ပြန်လည်တင်သွင်းနိုင်ရေး ရည်မှန်းချက်ထားရှိ ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က ပြောကြားခဲ့ပါတယ်။ (NVS 004)