“ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းမှ ဖာနန်ဒက် ဆွတ်ခူး”
24 May
ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းမှ ကွင်းလယ်ကစားသမား ဖာနန်ဒက် က ဆွတ်ခူးခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက် ဟာ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်းအတွက် ဂိုးဖန်တီးမှု အကြိမ် ၂၀ ထိ ပြုလုပ်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးဖန်တီးမှုအများဆုံး ကစားသမားများဖြစ်သည့် အွန်နရီနှင့် ဒီဘရိုင်း တို့ရဲ့စံချိန်ကို လိုက်မီ နိုင်ခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယား အဆင့်(၃)နေရာသို့ရောက်ရှိအောင် အဓိကနေရာမှ ပါဝင်ခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ဖာနန်ဒက် အနေနဲ့ ကလပ်အသင်းကစားသမားများ၊ ဘောလုံးကျွမ်းကျင်သူများ၊ ပရိသတ်များက ပေးအပ်သည့် ဆန္ဒမဲအများဆုံးဖြင့် ယခုနှစ်ဘောလုံးရာသီ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင် ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)
24 May