“နေပြည်တော်နယ်မြေအတွင်း လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး”

24 May

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၂၃ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း လမ်း၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ တာဝန်ရှိသူများက နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်း ခုံးကျော်တံတား(ပေ-၁၃၀၀)တည်ဆောက် နေမှု၊ နေပြည်တော်လေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် ယာယီသံပေါင်ဘေလီတံတား တည်ဆောက်ရန် ဆောင်ရွက်နေမှုများကို နိုင်ငံတော်သမ္မတအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုနယ်မြေအတွင်း လမ်းများအားလုံး အဆင့်မီမီ နှင့်စနစ်တကျဖြစ်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း မီးရထားလမ်းကူးနေရာများ၌ ခုံးကျော်တံတားများ ဆက်လက်ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်နှင့် ယခု နေပြည်တော်-တောင်တွင်းကြီး မီးရထားလမ်းခုံးကျော်တံတား တည်ဆောက်ခြင်း လုပ်ငန်းအား မိုးမကျမီ ဆောင်ရွက်၍ရသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါတယ်။ နေပြည်တော်လေဆိပ်အဝင်လမ်းဆောင်ရွက်မှုအား နေပြည်တော်မှ လေဆိပ်သို့ လာရောက်သူများနှင့် လေဆိပ်မှ နေပြည်တော်သို့ သွားရောက်သူများ ပိုမိုလျင်မြန် မြန်ဆန်စွာဖြင့် သွားလာရောက်ရှိနိုင်ရေး ရည်ရွယ် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အဆင့်ဆင့် အဆင့်မြှင့်တင်ဆောက်လုပ်သွားရန်လိုကြောင်း၊ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် လမ်းအသုံးပြုသူဦးရေနှင့် မော်တော်ယာဥ်အစီးရေ တိုးတက်လာနိုင်မှုများအပေါ် ထည့်သွင်းတွက်ချက်၍ လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လည်း Master Plan ရေးဆွဲဆောင်ရွက်ထားရှိရန် လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်၌ အရိပ်ရလေကာပင်များကိုလည်း မိုးရာသီအမီ စိုက်ပျိုးသွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။(NVS 004)

24 May

ADVERTISE HERE .