“ရွှေတိဂုံစေတီတော်တွင် မဟာသမယအခါတော်နေ့အခမ်းအနား ကျင်းပမည်”

24 May

ရွှေတိဂုံစေတီတော်တွင် မဟာအခါတော်နေ့အခမ်းအနားကို နယုန်လပြည့်နေ့(မေလ ၃၀ ရက်)တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ရွှေတိဂုံစေတီတော်တွင် ဆယ့်နှစ်ရာသီပွဲတော်များကို လအလိုက် နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် နယုန် လပြည့်နေ့တွင် မဟာသမယအခါတော်နေ့အခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်။ မေလ ၃၀ ရက် နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်အား အရုဏ်ဆွမ်းကပ်လှူပူဇော်ကာ နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးအမှူးပြုတဲ့ သံဃာတော်တွေကို အရုဏ်ဆွမ်းကပ်လှူ ပူဇော်ပြီး လှူဖွယ်ပစ္စည်းတွေလှူဒါန်းမှာ ဖြစ်ပါတယ်။ မနက် ၆ နာရီခွဲမှာ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများ နာကြားခြင်းနဲ့ ရေစက်ချအခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားတွင် မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာ ဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယ အုပ်စုနှစ်စုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယ သုတ်တော်ကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

24 May

ADVERTISE HERE .