“ကိုနစ်ဒေါ့ဖာ ကို ခေါ်ယူခဲ့တဲ့ မိန့်ဇ်အသင်း”

22 May

မိန့်ဇ်အသင်းက ဟမ်းဘတ်အသင်း တောင်ပံကစားသမား ကိုနစ်ဒေါ့ဖာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား ကိုနစ်ဒေါ့ဖာ က ဟမ်းဘတ်အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၃၇ ပွဲ ကစားပြီး ၃၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် မိန့်ဇ် အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ မိန့်ဇ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ကိုနစ်ဒေါ့ဖာ ကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းအနေနဲ့လည်း နွေရာသီဈေးကွက် အတွင်း ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူအားဖြည့်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

22 May

ADVERTISE HERE .