“အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ မက်ဂွဲယား၊ ဖိုဒန်နဲ့ ပါလ်မာ တို့ပါဝင်ခြင်းမရှိ”
22 May
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ မက်ဂွဲယား၊ ဖိုဒန်နဲ့ ပါလ်မာ တို့ ပါဝင်ခြင်းမရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ သောမတ်စ်တူချယ် က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၆ ဦး စာရင်းကို မကြာခင်ထုတ်ပြန်ကြေညာမှာဖြစ်တာကြောင့် အဆိုပါလူစာရင်းအတွင်း လွဲချော်ရမယ့် ကစားသမားတချို့ ကြိုတင်ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံကစားသမား မက်ဂွဲယား ကတော့ ရွေးချယ်ခြင်းမခံရကြောင်း Instagram မှာ ပို့စ်တင်ပြီး အတည်ပြုခဲ့ပြောကြားခဲ့ပါတယ်။(NVS 008)
22 May