“၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ မော်ဂန်ရော်ဂျာစ်”

22 May

၂၀၂၅-၂၆ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ် တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ် ကို ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန်ကစားသမား မော်ဂန်ရော်ဂျာစ် ဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၅ ပွဲစလုံး ကစားခွင့်ရခဲ့သူဖြစ်ပြီး သွင်းဂိုး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မော်ဂန်ရော်ဂျာစ် ဟာ ပွဲကစားချိန်စုစုပေါင်း ၁,၀၈၈ မိနစ်နဲ့ အက်စတွန်ဗီလာကစားသမားတွေထဲမှာ ပွဲချိန်အများဆုံးကစားခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ချန်ပီယံဆုရရှိခဲ့ရာမှာ အရေးအပါဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အကောင်းဆုံးလူငယ် ကစားသမားဆုကိုတော့ ဖရိုင်းဘတ်ကွင်းလယ်ကစားသမား မန်ဇမ်ဘီ က ရရှိခဲ့ပါတယ်။ UEFA က ယူရိုပါလိဂ် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ရာမှာ ချန်ပီယံအက်စတွန်ဗီလာအသင်းက မာတီနက်ဇ်၊ မက်ဂင်း၊ ဘူယန်ဒီယာ နဲ့ မော်ဂန်ရော်ဂျာစ် တို့ ရွေးချယ်ခံခဲ့ရပါတယ်။(NVS 008)

22 May

ADVERTISE HERE .