“2026 Bitpanda Hamburg Open ကွာတားပိုင်နယ်အဆင့်သို့ အူဂိုးအန်ဘတ် တက်ရောက်”

22 May

ဂျာမနီနိုင်ငံတွင် ကျင်းပလျက်ရှိသော အမျိုးသားတင်းနစ် ပြိုင်ပွဲဖြစ်သည့် 2026 Bitpanda Hamburg Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ ပြင်သစ် တင်းနစ်ကစားသမား အူဂိုး အန်ဘတ် တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပြင်သစ်တင်းနစ်ကစားသမား အူဂိုး အန်ဘတ် က 2026 Bitpanda Hamburg Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ ရုရှားတင်းနစ်ကစားသမား ကတ်ရန်း ခါရက်ဟ်နို ကို ၆-၃၊ ၃-၆၊ ၇-၆ ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 2026 Bitpanda Ham-burg Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ပြင်သစ်တင်းနစ်ကစားသမား အူဂိုး အန်ဘတ် က ပီရူးတင်းနစ်သမား နဲ့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။(NVS 008)

22 May

ADVERTISE HERE .