“ခြေဖဝါးရိုးကျိုးခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖို့သေချာနေတဲ့ ဖာမင်လိုပက်ဇ်”

22 May

စပိန်ကွင်းလယ်တိုက်စစ်ကစားသမား ဖာမင်လိုပက်ဇ် ဟာ ဘက်တစ်အသင်းနဲ့ပွဲမှာ ခြေဖဝါးရိုးကျိုးခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ရဖို့ သေချာနေပါတယ်။ ဖာမင်လိုပက်ဇ် ဟာ ညာဘက်ခြေထောက်ရှိ ပဉ္စမမြောက် ခြေဖဝါးရိုးကျိုးခဲ့တာဖြစ်တယ်။ ယေဘုယျအားဖြင့်တော့ အဆိုပါဒဏ်ရာဟာ နှစ်လကနေ သုံးလအထိ အနားရယူဖို့ ရှိပေမယ့် ဘာစီလိုနာ အသင်းက ဖာမင်လိုပက်ဇ်အနေနဲ့ ခွဲစိတ်ကုသမှု ခံယူရမယ်လို့ အတည်ပြုခဲ့ပြီး ၎င်းပြန်ကစားနိုင်မယ့်အချိန်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဖာမင်လိုပက်ဇ် ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ခုနစ်ပွဲသာ ကစားထားရပေမဲ့ အခုရာသီမှာ ခြေစွမ်းပြ နေလို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှာ ပါဝင်ဖို့များနေသူလည်း ဖြစ်ပါတယ်။ ဖာမင်လိုပက်ဇ် ဟာ အခုရာသီအတွင်း ပေါင်ခြံဒဏ်ရာ နှစ်ကြိမ်ရရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲကစားကာ ၁၃ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီး ထားနိုင်ခဲ့ပါတယ်။ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေ ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အပြီးသတ်လူစာရင်းကို မေလ ၂၅ ရက်မှာ ကြေညာမှာ ဖြစ်ပါတယ်။ (NVS 008)

22 May

ADVERTISE HERE .