“ဘွန်ဒစ်လီဂါကို တန်းတက်နိုင်ခဲ့တဲ့ အသေးငယ်ဆုံးမြို့ကို ကိုယ်စားပြုတဲ့ SVအဲဗားစဘတ်အသင်း”

22 May

ဘွန်ဒစ်လီဂါတန်းတက်ကလပ် SVအဲဗားစဘတ်အသင်းက လူဦးရေ ၁၃,၀၀၀ သာရှိတဲ့ Spiesen-Elversberg မြို့ကို ကိုယ်စားပြုတဲ့ အသင်းဖြစ်ပါတယ်။ အဆိုပါအသင်းက ယခုရာသီ ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲမှာ ဒုတိယနေရာရပြီး ဘွန်ဒစ်လီဂါကို တန်းတက်လာခဲ့ပါတယ်။ အဲဗားစဘတ်အသင်းဟာ ရာသီကုန်ဆုံးချိန်မှာ ၆၂ မှတ်နဲ့ တတိယနေရာက ပါဒါဘွန်းအသင်းကို အမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ဘွန်ဒစ်လီဂါကို ပထမဆုံးအကြိမ် တန်းတက်နိုင်ခဲ့ပါတယ်။ အဲဗားစဘတ်အသင်းအနေနဲ့ ကလပ်သမိုင်းကြောင်းက ၁၁၉ နှစ် ရှိပြီဖြစ်ပေမယ့် ဂျာမန်အောက်တန်းလိဂ် တွေမှာသာ ကျင်လည်ခဲ့ရပါတယ်။ အခုတော့ Spiesen-Elversberg မြို့က ဘွန်ဒစ်လီဂါကို ကိုယ်စားပြုတဲ့ အသေးငယ်ဆုံးမြို့ ဖြစ်လာခဲ့ပါတယ်။ အဲဗားစဘတ်ရဲ့ အိမ်ကွင်း Waldstadion ander Kaiserlinde ကလည်း ပရိသတ် ၁၀,၀၀၀ ဦးပဲ ဝင်ဆံ့ပါတယ်။ အဲဗားစဘတ်အသင်းဟာ ငါးနှစ်အတွင်း တတိယအကြိမ်မြောက် တန်းတက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

22 May

ADVERTISE HERE .