“အာဆင်နယ်အသင်းကို ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂွါဒီယိုလာ”

22 May

မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိတယ်လို့လည်း သိရပါတယ်။ ဂွါဒီယိုလာ ဟာ ဒီရာသီမှာ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်ရာသီဆက်တိုက် လွဲချော်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂွါဒီယိုလာ က ဘာစီလိုနာအသင်းကို ၄ ရာသီ ကိုင်တွယ် ခဲ့ရာမှာ ၃ ရာသီဆက် လာလီဂါချန်ပီယံဆုရရှိခဲ့ပြီး နောက်ဆုံးရာသီမှာမှ လွဲချော်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့ ၃ ရာသီစလုံးမှာတော့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရာနှုန်းပြည့်ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၀ ရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၆ ရာသီ ရယူနိုင်ခဲ့ပြီး ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ နှစ်ရာသီ ချန်ပီယံဆုနဲ့ ဆက်တိုက်လွှဲချော်ခဲ့ရပါတယ်။ (NVS 008)

22 May

ADVERTISE HERE .