“ဆော်ဒီအမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့တဲ့ အယ်လ်နာဆာအသင်း”

22 May

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်နောက်ဆုံးပွဲစဉ်မှာ ဒါးမက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို ၂ မှတ်ဖြတ်ကာ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဒါးမက်အသင်းကတော့ တန်းဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးအဆုံးအဖြတ်ပွဲမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို က သွင်းဂိုးနှစ်ဂိုးနဲ့အတူ ခြေစွမ်းပြခဲ့ပြီး အယ်လ်နာဆာ ကစားသမားဘဝမှာ ပထမဆုံးအမှတ်ပေးချန်ပီယံဆုနဲ့ ပထမဆုံးသော မေဂျာဖလား ရယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ စီရော်နယ်လ်ဒို ဟာ ၂၀၂၃ ဇန်နဝါရီကတည်းက အယ်လ်နာဆာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်း အာရပ်ကလပ် ချန်ပီယံဖလားတစ်ခုသာ ရယူနိုင်ခဲ့တဲ့အတွက် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ ဆော်ဒီလိဂ်ရဲ့ အမြင့်ဆုံးအမှတ်ပေး ချန်ပီယံဆု ရယူနိုင်ခဲ့ပြီဖြစ်ပြီး အယ်လ်နာဆာအသင်းအတွက်တော့ (၁၁)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

22 May

ADVERTISE HERE .