“အီဘိုလာရောဂါဖြစ်ပွားမှုသည် ကပ်ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ပြောကြား”

22 May

ကမ္ဘာ့နိုင်ငံများရှိ အီဘိုလာရောဂါဖြစ်ပွားမှုသည် အမျိုးသားအဆင့်နှင့် ဒေသအဆင့်တွင်ရှိပြီး ကပ်ရောဂါ ဆိုင်ရာ အရေးပေါ်အခြေအနေမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၀ ရက်တွင် ပြောကြား ခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန္ဓာနိုင်ငံတို့တွင် အီဘိုလာကူးစက်မှုအခြေအနေသည် နိုင်ငံ တကာ စိုးရိမ်မှုရှိသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်သော်လည်း ကပ်ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂါဘရီယီဆက်က ပြောကြားသည်။ ယခုအချိန်အထိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြောက်ပိုင်း Ituri နှင့် မြောက်ပိုင်း Kivu ပြည်နယ်တို့ တွင် ကူးစက်မှု ၅၁ ခု ကို အတည်ပြုထားပြီးဖြစ်ကြောင်း ၎င်းကပြောကြားသည်။ သေဆုံးမှုများ ထပ်မံမဖြစ်ပွား စေရေးအတွက် ထိရောက်သည့် နိုင်ငံတကာတုံ့ပြန်မှုကို ချက်ချင်းဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ရောဂါကူးစက်မှုများတွေ့ရှိသည့် ကမ္ဘာ့နိုင်ငံများတွင် အီဘိုလာရောဂါ ကာကွယ်ရေးဆောင်ရွက်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် ရန်ပုံငွေများ ပေးအပ်ထား ကြောင်း ၎င်းက ပြောကြားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

22 May

ADVERTISE HERE .