“နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်းကီလိုဝပ် ထုတ်လုပ်နိုင်”

22 May

နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည့် "နမ့်ပင" အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်း ပေါ်မှာ တည်ဆောက်လျက်ရှိပါတယ်။ အဆိုပါစီမံကိန်း၏ တမံအမျိုးအစားမှာ Concrete Gravity Dam ဖြစ်ပြီး တပ်ဆင်စက်အင်အား ၆ မဂ္ဂါဝပ် ဖြစ်၍ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄ ဒသမ ၆၈ သန်းကီလိုဝပ်နာရီ ပျှမ်းမျှထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ စီမံကိန်း ဖော်ဆောင်နေတဲ့ လုပ်ငန်းခွင်အတွင်း ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူ အဆောက်အဦတည်ဆောက်နေမှုတို့ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက မေလ ၂၀ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်ဒေသခံများလိုအပ်တဲ့ လျှပ်စစ်မီးအမြန်ရရှိရန် ယခုစီမံကိန်းကို အမြန်ပြီးစီးအောင် ကြိုပမ်းဆောင်ရွက်ရန် ရရှိထားတဲ့ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင်သုံးစွဲရန်တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ (NVS 004)

22 May

ADVERTISE HERE .