“မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရန်စီစဉ်နေ”
22 May
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား- မိုးကောင်း- မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေလ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်း လမ်းပိုင်းပြုပြင်မှု လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်မှာ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်း၏ ခရီးမိုင် ၅၂ ဒသမ ၂၅ မိုင်အနက် ၃၀ ဒသမ ၉၁ မိုင်အထိ ပြုပြင်ပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ မိုးကောင်း-မိုးညှင်း မီးရထား လမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြုပြင်မှုများ ပြုလုပ်လျက်ရှိပါတယ်။ (NVS 004)