“မြန်မာလူငယ်အသင်း ၃ သင်းစလုံး ပြည်တွင်းလိဂ်ပြိုင်ပွဲများ ဝင်ပြိုင်မယ်”

21 May

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ မြန်မာလူငယ်အသင်း ၃ သင်းစလုံးကို ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်စေမှာ ဖြစ်ကြောင်း သိရပါတယ်။ MFF ဟာ လူငယ်ကစားသမားတွေ ပွဲများများကစားခွင့်ရပြီး အတွေ့အကြုံပိုမိုရရှိစေရန် ရည်ရွယ်ကာ လူငယ်အသင်း ၃ သင်းစလုံးကို ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်စေမှာ ဖြစ်ပါတယ်။ မြန်မာ ယူ- ၁၆ လူငယ်အသင်းဟာ Galaxy FC အမည်နဲ့ MNL ယူ- ၂၀ လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို မြန်မာ ယူ- ၁၇ လူငယ်အသင်းဟာလည်း Falcon FC အမည်နဲ့ MNL ယူ- ၂၀ လိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာ ယူ- ၁၉ အသင်းကတော့ Junior Lions အမည်နဲ့ MNL- 2 (ပထမတန်း) ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာ ယူ- ၁၇ အသင်းနဲ့ မြန်မာ ယူ- ၁၉ အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီကလည်း အဆိုပါအမည်တွေနဲ့ပဲ လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး လာမယ့်ရာသီမှာတော့ အသစ်ထပ်မံဖွဲ့စည်းထားတဲ့ မြန်မာ ယူ- ၁၆ အသင်းကိုပါ ပြည်တွင်းလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်စေတာ ဖြစ်ပါတယ်။ (NVS 008)

21 May

ADVERTISE HERE .