“ဂွါဒီယိုလာ ရဲ့အသင်း၏အထက် နှစ်ကြိမ်ရပ်တည်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြအဖြစ် အာတေတာ မှတ်တမ်းဝင်”

21 May

အာဆင်နယ်နည်းပြ အာတီတာ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ရဲ့အထက် နှစ်ကြိမ် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ဂွါဒီယိုလာ က မန်စီးတီးအသင်းကို ၁၀ ရာသီကိုင်တွယ်ရာမှာ ချန်ပီယံဆု ၆ ကြိမ် ရယူပေးခဲ့သူဖြစ်ပြီး ဂွါဒီယိုလာ ကိုကျော်ဖြတ်ကာ ချန်ပီယံဆု ရယူနိုင်သူက ၄ ဦးပဲ ရှိပါတယ်။ အဆိုပါနည်းပြတွေက ကွန်တီ၊ ယာဂန်ကလော့ပ်၊ အာနယ်ဆလော့ နဲ့ အာတေတာ တို့ဖြစ်ပြီး ကျန်ရှိတဲ့နည်းပြတွေက ချန်ပီယံဆု ရရှိတဲ့ရာသီမှာပဲ ဂွါဒီယိုလာ ရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အာတေတာ ကတော့ ချန်ပီယံဆုရရှိတဲ့ လက်ရှိရာသီမှာရော ပြီးခဲ့တဲ့ ရာသီမှာပါ ဂွါဒီယိုလာရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆု ရယူနိုင်ခြင်းမရှိဘဲ ဂွါဒီယိုလာ ရဲ့ အသင်း၏အထက်မှာ ရပ်တည်နိုင်ခဲ့သူကတော့ စပါးနည်းပြဟောင်း ပိုချက်တီနို ဖြစ်ပါတယ်။ (NVS 008)

21 May

ADVERTISE HERE .