“NATO တပ်ဖွဲ့တိုက်ခိုက်ခံရချိန် စစ်ရေးပံ့ပိုးမှုလျှော့ချရန် အမေရိကန်စီစဉ်”
21 Mayအမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့သည် NATO တပ်ဖွဲ့အနေဖြင့် သို့မဟုတ် NATO တပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် တိုက်ခိုက်ခံရပါက အမေရိကန်အစိုးရကပေးအပ်မည်ဟု ကတိပြုထားသော စစ်ရေးအကူ အညီ ပံ့ပိုးပေးမှုကို လျှော့ချရန်စီစဉ်နေကြောင်း သိရသည်။ မေလ ၂၂ ရက်တွင် ဘရပ်ဆဲမြို့၌ ကျင်းပမည့် NATO တပ်ဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးမူဝါဒဆိုင်ရာအကြီးအကဲများ၏ဆွေးနွေးပွဲတွင် အဆိုပါအစီအစဉ်ကို ထုတ်ပြန် ကြေညာနိုင်ဖွယ်ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍ သိရှိသူသုံးဦးက သတင်းဌာနတစ်ခုသို့ ပြောသည်။ ထို့ပြင် အမေရိကန်အစိုးရသည် အီရန်နိုင်ငံနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကိုထောက်ခံသောနိုင်ငံများကို ဆုပေး ရန်နှင့်မထောက်ခံသည့်နိုင်ငံများကို ဒဏ်ပေးရန်စာရင်းကို ပြုစုထားသည်ဟု အဆိုပါသတင်းအရင်းအမြစ်များက ပြောသည်။ ဒဏ်ပေးသည့်ပုံစံတွင် အမေရိကန်တပ်ဖွဲ့များကို ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများကိုလျှော့ချခြင်းတို့ ပါဝင်သည်။ထို့ကြောင့် ပင်တဂွန်စစ်ဌာနချုပ်သည် ပိုလန်သို့ တပ်ဖွဲ့ဝင် ၄,ဝဝဝ စေလွှတ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဂျာမနီနိုင်ငံမှ စစ်သည် ၅,ဝဝဝ ကို ရုပ်သိမ်းကာ တာဝေးပစ်ဒုံးတပ်ရင်းတစ်ရင်း စေလွှတ်မှုကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်ဟု RT သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။