“နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦး ရှိ”

21 May

နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားသူ မိသားစုအပါအဝင် ၃၆ ဦးရှိကြောင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ PR လျှောက်ထားသူမိသားစု အပါအဝင် ၃၆ ဦး၏ ကိုယ်ရေးအချက်အလက်များ၊ တစ်ဦးချင်း အမှတ်ပေးစနစ်ဖြင့် စိစစ်ထားရှိမှု၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လူတွေ့စစ်ဆေး ခံယူရန် ပျက်ကွက်ခဲ့သူများအနက် သုံးကြိမ်နှင့်အထက် ပျက်ကွက်ခဲ့သူများအခြေအနေ၊ လုပ်ငန်းကော်မတီမှ စိစစ် အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ ကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံသားဟောင်းများ နှင့် ၄င်းတို့၏ မိသားစုဝင်များ အနေနဲ့ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားနိုင်ပြီး ကနဦး လျှောက်လွှာကြေး အမေရိကန်ဒေါ်လာ ၅၀၀ ပေးသွင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သို့မဟုတ် မြန်မာသံရုံးများမှာ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 004)

21 May

ADVERTISE HERE .