“မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်ပြပွဲကို ရန်ကုန်မြို့မှာ မကြာမီကျင်းပမည်”

21 May

အပြန်အလှန်ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမည့် မြန်မာ-မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်ပြပွဲကို လာမည့် မေလ ၂၃ ရက်နှင့် မေလ ၂၄ ရက်တို့မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ရှိ Melia Yangon Hotel မှာကျင်းပသွားမည်ဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အပြန်အလှန်ချိတ်ဆက်မှုများနှင့် ကဏ္ဍအလိုက်ပူးပေါင်း ပါဝင်မှုများမှတစ်ဆင့် အလားအလာရှိသော အခွင့်အလမ်းသစ်များကိုရှာဖွေနိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့်ပြပွဲလာရောက်မည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လာရောက်လေ့လာလိုသူများအနေနဲ့ အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်ကာမြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI)မှပြပွဲကို Platinum Sponsor အဖြစ် အားဖြည့်၍ ပြခန်းဖွင့်လှစ်ပြသသွားမည်ဖြစ်ပါတယ်။ (NVS 004)

21 May

ADVERTISE HERE .