“အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သက်ကြီးကျန်းမာဘက်စုံပြုစုစောင့်ရှောက်ပေးမည်”
21 May
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းဟာ အစိုးရရုံးဌာနတွေရဲ့ အိမ်ကနေအလုပ်လုပ်ရမယ့်ရက်ဖြစ်ပေမယ့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အထူးကုပြင်ပလူနာဌာနရဲ့ သက်ကြီးကျန်းမာ ဘက်စုံပြုစုစောင့်ရှောက်မှု ပြင်ပလူနာဌာနကို မေလ ၂၀ ရက်ကနေစတင်ပြီး နေ့တစ်ဝက် ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ရက် ၁၀၀ စီမံချက်အနေနဲ့ ဆောင်ရွက်ပေးတာဖြစ်ပြီး ဖွင့်လှစ်ချိန်က မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိဖြစ်ပါတယ်။ အဆိုပါပြင်ပလူနာဌာနမှာ ဆေးပညာဌာန၊ ဆီးချိုနဲ့ ဟိုမုန်းဌာန၊ အရိုးနဲ့ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နဲ့ ပြန်လည်သန်စွမ်းရေးအထူးကုဌာန၊ အရေပြားဌာန၊ သွားနဲ့ခံတွင်းဌာန စတဲ့ အထူးကုဌာန ၆ ခုမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးတွေက သက်ကြီးလူနာတွေအတွက် တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ ကုသမှု ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 004)
21 May