“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး နေပြည်တော်တွင် ဖွင့်လှစ်”
21 May
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးစိုးဝင်း က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး ဖွင့်ပွဲအခမ်းအနားကို မေလ ၂၀ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသလို အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေး က တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးကိုကိုကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်နှင့် ဦးဇော်အေးမောင်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအနေနဲ့ ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ် များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုနိုင်ရန်အတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)