“အွန်နရီ နဲ့ ဒီဘရိုင်း တို့ရဲ့ ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့စံချိန်ကို လိုက်မီခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်”

20 May

မန်ယူအသင်း ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် က အွန်နရီ နဲ့ ဒီဘရိုင်း တို့ရဲ့ ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအကြိမ်(၂ဝ)အထိ ပြုလုပ်နိုင်တဲ့ စံချိန်ကို လိုက်မီခဲ့ကြောင်း သိရပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ မန်ယူအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွင် အမ်ဘူမို သွင်းယူသည့် သွင်းဂိုးအား ဖန်တီးပေးခဲ့ပြီးနောက် ဂိုးဖန်တီးမှုအကြိမ်(၂ဝ)ပြည့်မြောက်သည့် စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၅ ပွဲကစားပြီး ရှစ်ဂိုးထိလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် မေ ၂၄ ရက်တွင် ကစားမည့် ဘရိုက်တန်အသင်းနှင့်ပွဲစဉ်တွင် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါက တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ်လည်း စံချိန်မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။(NVS 008)

20 May

ADVERTISE HERE .