“ရန်ကုန်မြို့ မြေပဒေသာဥယျာဉ်ခြံ၌ မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကျင်းပ”
20 May
မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ဖွင့်ပွဲကို မေလ ၁၉ ရက်နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် မြေပဒေသာဥယျာဉ်ခြံ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ စီးပွားရေးသံမှူးများ တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး၊ အနံ့အရသာနှင့် အထွက်နှုန်းကောင်းသော ဈေးကွက်ဝင် မြန်မာ့ဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန်နှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံဒူးရင်းအသင်း ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စိုက်ပျိုးထုတ်လုပ်သူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ သုတေသနပညာရှင်များ၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သော လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သည့် ကွန်ရက်တစ်ခုဖော်ဆောင်ရန် ရည်ရွယ်ကြောင်းပြောကြားခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဒူးရင်းသီးနှံပြခန်းများကို ကြည့်ရှုအားပေးပြီး အရည်အသွေး၊ အနံ့အရသာနှင့် အထွက်နှုန်းကောင်းသော ဈေးကွက်ဝင်ဒူးရင်းမျိုးများကို ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)