“မကွေးတိုင်းဒေသကြီး၌ ပျိုးပင်ပေါင်း ၄ဝ,ဝဝဝ ကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်”
20 May
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်း ၄၀,၀၀၀ ကို အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ ၂၀၂၆ ခုနှစ်မိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရတဲ့ သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက်ရည်ရွယ်ကာ ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်များစိုက်ပျိုးရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံး များ၊ အခြေခံပညာစာသင်ကျောင်းများနှင့် သာသနာ့နယ်မြေများအတွင်း၌ ကျွန်း၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ ရှင်းမာ၊ ငုရွှေး၊ မန်ကျည်းစတဲ့ အရိပ်ရပျိုးပင် ၄၀,၀၀၀ အား ဖြန့်ဝေစိုက်ပျိုးသွားမှာဖြစ်လို့ ပြည်သူများအနေနဲ့ မြို့နယ် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံ၌ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။(NVS 004)