“အမေရိကန်က တိုက်ခိုက်မှုပြန်စလျှင် စစ်မျက်နှာအသစ်များဖွင့်မည်ဟု အီရန်ပြော”

20 May

အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဆိုပါက အီရန်နိုင်ငံကလည်း စစ်မျက်နှာအသစ်များဖွင့်ကာ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အီရန်စစ်ဘက်က မေလ ၁၉ ရက်တွင် သတိပေးထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို လက်မှတ်မထိုးပါက အမေရိကန်အနေဖြင့် အီရန်အပေါ် တိုက်ခိုက်မှုများပြန်လုပ်မည်ဟု ပြောပြီးနောက် အီရန်စစ်ဘက်က ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။ “တကယ်လို့ရန်သူက အစ္စရေးတွေရဲ့ ထောင်ချောက်ထဲကို ရူးရူးမိုက်မိုက်နဲ့ကျဆင်းသွားပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေလုပ်မယ်ဆိုရင် စစ်လက်နက်အသစ်တွေ၊ နည်းလမ်းအသစ်တွေ အသုံးပြုပြီး စစ်မျက်နှာအသစ် တွေဖွင့်ကာ တိုက်ခိုက်မှုတွေလုပ်သွားပါမယ်”ဟု အီရန်စစ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမတ် အာခရာမီနီယာ ကပြောသည်ဟု အီရန်နိုင်ငံ၏ ISNA သတင်းဌာနက ဖော်ပြထားကြောင်းသိရသည်။

20 May

ADVERTISE HERE .