“ကော့သောင်းလေဆိပ်မှာ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး ဆောင်ရွက်နေ”
19 May
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကော့သောင်းလေဆိပ်မှာ လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်း နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေးအတွက် လက်ရှိလေယာဉ်ပြေးလမ်း အရှည် ၆၀၀၀ ပေ × အကျယ် ၁၅၀ ပေ မှ အရှည် ၈၀၀၀ ပေ × အကျယ် ၁၅၀ ပေ အထိ တိုးချဲ့ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်နေမှုကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က မေလ ၁၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးရာမှာ တာဝန်ရှိသူများက ကော့သောင်းလေဆိပ် ကုန်စည်အဆောက်အဦတည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါတယ်။ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)