“ကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါကြောင့် လူ ၈၈ ဦး သေဆုံးပြီးနောက် WHO က နိုင်ငံတကာအရေးပေါ်အခြေ အနေ ကြေညာ”

18 May

ကွန်ဂိုနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှုကြောင့် လူ ၈၈ ဦးသေဆုံးပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် မေလ ၁၇ ရက်တွင်ကြေညာလိုက်ကြောင်း သိရသည်။ Bundibugyo မျိုးကွဲကြောင့်ဖြစ်သည့် အဆိုပါအီဘိုလာရောဂါအတွက် ကာကွယ်ဆေးမရှိသေးသည့်အပြင် ပျောက်ကင်းအောင်ကုသနိုင်ခြင်းလည်း မရှိသေးသောကြောင့် နိုင်ငံတကာအနေဖြင့် စိုးရိမ်ရသည့် အရေးပေါ် ကျန်းမာရေးအခြေအနေအဖြစ် ကြေညာရခြင်းဖြစ်ကြောင်း WHO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကူးစက် မြန် ပြင်းထန်သည့် သွေးလွန်တုပ်ကွေးရောဂါတစ်မျိုးဖြစ်သော အဆိုပါအီဘိုလာရောဂါကြောင့် မေလ ၁၆ ရက်အထိ သေဆုံးသူ ၈၈ ဦးနှင့် ရောဂါကူးစက်ခံထားရသူ ၃၃၆ ဦးရှိကြောင်း အာဖရိကရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်ထားသည်။ အဆိုပါရောဂါကူးစက်ခံထားရသည့် အရေအတွက်အမှန်ကို သိရှိနိုင်ရန်ခက်ခဲသော်လည်း ကပ်ရောဂါတစ်ခု အဖြစ် ကြေညာရန်မလိုအပ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။ ၂ဝ၂၄ ခုနှစ်တွင်မူ အီဘိုလာ ရောဂါကို ကပ်ရောဂါတစ်ခုအဖြစ် ကြေညာခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှာ အလွန်မြန်ဆန်သည့် အတွက် အလွန်စိုးရိမ်စရာကောင်းကြောင်း၊ ထို့ကြောင့် အကြီးစားတုံ့ပြန်မှုများလုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင် နေကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ကပြောသည်ဟု BP သတင်းဌာနဖော်ပြချက်အရ သိရသည်။

18 May

ADVERTISE HERE .