“တရုတ်-ရုရှားကုန်စည်ပြပွဲသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့”
18 May
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် ဟာဘင်းမြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲသို့ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို မေလ ၁၇ ရက်တွင် အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။ ယခုနှစ်သည် တရုတ်-ရုရှား မဟာ ဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့အစည်းတည်ထောင်သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ချုပ်ဆိုသည့် (၂၅) နှစ်မြောက် ဖြစ်ပြီး နှစ်နိုင်ငံအကြား ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့ကာ အောင်မြင်မှုများရရှိခဲ့ ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။ ယခုကျင်းပသည့် ပြပွဲသည် နှစ်နိုင်ငံ၏ကဏ္ဍအသီးသီး အတွက် ၎င်းတို့၏ နယ်မြေများနီးကပ်မှုနှင့် အပြန်အလှန်အကျိုးပြုသည့် အားသာချက်များကို အသုံးချရန်၊ ဘက်စုံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြှင့်တင် ရန်နှင့် နှစ်နိုင်ငံပြည်သူများ၏အကျိုးကို စဉ်ဆက်မပြတ်မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်လိမ့် မည်ဟု မျှော်လင့်ထားကြောင်း သမ္မတ ရှီ က ပြောကြားခဲ့သည်။ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှတစ်ဆင့် ခေတ်သစ်တစ်ခုအတွက် တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ ယခုပြပွဲသည် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများကျင်းပသည့် စင်္ကြံတစ်ခု အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသည်။ ပြပွဲသည် အပြုသဘောဆောင်သော ရလဒ်များရရှိစေမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှု အလားအလာ သစ်များ ဆောင်ကြဉ်းပေးမည်ဖြစ်ကာ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ယူဆောင်လာပေးမည်ဟု ယုံကြည်ကြောင်း သမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။