“ဂျပန်နိုင်ငံက မြန်မာလုပ်သား ၇၀ ကျော်ကို ခေါ်ယူ”

18 May

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများမှာ ဝင်ရောက်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၇၀ ကျော် ခေါ်ယူထားကြောင်း သိရပါတယ်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုလိုစိစစ် ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီများက ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိ ချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိပါတယ်။ ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်မှ ၁၅ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ရာ အလုပ်ကမ်းလှမ်းစာ ၇၂ ခုရရှိခဲ့ပြီး မကြာခင် အလုပ်သမားများကို စေလွှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

18 May

ADVERTISE HERE .