“လျှပ်စစ်ဓာတ်အားသုံးစွဲရာမှုကို တိကျစွာသိရှိရန်နှင့် ဓာတ်အားခများ ရာနှုန်းပြည့်စီးဝင်ရန် အရေးကြီး”
18 May
လျှပ်စစ်ဓာတ်အားသုံးစွဲရာမှာ တစ်ဦးချင်းအမှန်တစ်ကယ်သုံးစွဲမှုကို တိကျစွာသိရှိရန်လိုအပ်ကာ သုံးစွဲသူ များ၏ ဓာတ်အားခပေးချေမှုများ နိုင်ငံတော်ဘဏ္ဍာသို့ ရာနှုန်းပြည့်စီးဝင်လာရန် အရေးကြီးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၆ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေမှုူကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မီတာခကောက်ခံမှုနှင့်ပတ်သတ်ပြီး ခေတ်နှင့်လျော်ညီမှု မရှိ တော့တဲ့ မီတာဖတ်စနစ်များ၊ မီတာခကောက်ခံတဲ့စနစ်များကို Digital စနစ်သို့ ကူးပြောင်းနေတဲ့အရှိန်အဟုန်ကို မြှင့်တင်ရမည်ဖြစ်ကာ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပေါ်နေတဲ့ နည်းပညာဆိုင်ရာအားနည်းချက်နှင့် လူတို့၏ အားနည်းချက်များကွယ်ပျောက်၍ နိုင်ငံတော်နှင့်ပြည်သူ နှစ်ဦးနှစ်ဘက်အကျိုးရှိလာမှာဖြစ်ကြောင်း ဒါ့အပြင် လျှပ်စစ်ဓာတ်အားစနစ်၏ နောက်ဆုံးကဏ္ဍဖြစ်သော ဖြန့်ဖြူးရေးကဏ္ဍသည် သုံးစွဲသူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရခြင်းဖြစ်၍ လွန်စွာအရေးကြီးရာ သုံးစွဲသူများနစ်နာမှုမရှိစေရေး ဦးတည်ဆောင်ရွက်ရမယ်လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားကွပ်ကဲရေးဌာနခွဲ(နေပြည်တော်)ရှိ National Control Center နှင့် Advanced Metering Infrastructure (AMI) Control Center၊ ၂၃၀ ကေဗွီ နေပြည်တော် ပင်မဓာတ်အားခွဲရုံ၊ ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ထားမှု နှင့် အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်း ရေပိုလွှဲဒီဇိုင်းအတွက် Hydraulic Model Test ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ (NVS 004)