“လေဆိပ်မှာ အပိုထပ်ဆောင်း အခကြေးငွေ/ပစ္စည်းများ ပေးအပ်ခြင်းမပြုရန် ရန်ကုန်လေဆိပ်ထုတ်ပြန်”
18 May
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှုများအတွက် ဝန်ထမ်းများအပါအဝင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ အပိုထပ်ဆောင်း အခကြေးငွေ/ပစ္စည်းများ ပေးအပ်ခြင်းမပြုပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (Yangon International Airport - YIA)မှ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တာဝန်အတိုင်း ဝန်ဆောင်မှုပေးလျက်ရှိရာ အပိုထပ်ဆောင်း အခကြေးငွေ/ ပစ္စည်းများ တောင်းခံခြင်းကို ခွင့်မပြုထားသလို ခရီးသည်များ၏ မှတ်ချက်များနှင့် အကြံပြုချက်များကို လေဆိပ်သို့ ပေးပို့နိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)
18 May