“ရန်ကုန်တက္ကသိုလ်မှာ Certificate in Food Technology သင်တန်း ၃ လကြာ ဖွင့်လှစ်မည်”

18 May

ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနမှာ စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်မှစတင်၍ ၃ လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှာ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့ မေလ ၂၅ ရက်မှ ဇွန်လ ၁ ရက်အထိ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။ သင်တန်းကို အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များမှာ မနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေးအဖြစ် ကျပ်တစ်သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ သင်တန်းမှာ အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ပညာရပ် များအပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်မှုနှင့် အာဟာရလုံလောက်မှုဆိုင်ရာ အကြောင်းအရာများ ကိုပါ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ သင်တန်းပြီးဆုံးသူများကို Certificate in Food Technology အောင်လက်မှတ် ချီးမြှင့်ပေးသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန် တက္ကသိုလ်ရှိ ကုန်ထုတ်ဓာတုဗေဒဌာနသို့ လူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်သလို ဖုန်းနံပါတ် ၀၉-၇၇၃၇၂၇၆၆၇ နှင့် ၀၉-၈၈၃၄၉၁၈၉၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

18 May

ADVERTISE HERE .