“မန္တလေးတိုင်းဒေသကြီးရှိ အာမခံအလုပ်သမားများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေး”
18 May
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် မန္တလေးတိုင်း ဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား ၈၁၅ ဦးကို မေလ ၁၆ ရက်က ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား ၇ဝ၆ ဦးနှင့် ဒုံးပျံဂျုံမှုန့် စက်ရုံမှ အာမခံအလုပ်သမား ၁၀၉ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရပါတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ကြည့်ရှုအားပေးကာ စက်ရုံမှအလုပ်သမားများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတို့မှာ ရွေ့လျားဆေးကုသယာဉ်များဖြင့် အာမခံအလုပ်သမားများကို အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)