“Bank of China ပညာတော်သင်ဆု စီမံကိန်း (၄)နှစ်ပြည့်အခမ်းအနားကျင်းပ”

17 May

Bank of China ပညာတော်သင်ဆုစီမံကိန်း (၄)နှစ်ပြည့်အခမ်းအနားကို မေလ ၁၅ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Ms. Ma Jia၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြပြီး Bank of China - Hong Kong ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ထို့နောက် တရုတ်ဘာသာစကားသင်တန်း သဘောတူစာချွန်လွှာကို အရှေ့ပိုင်းကိုယ်ပိုင်အထက်တန်း ကျောင်း ELBC Language Center ဥက္ကဋ္ဌနှင့် တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD) မြန်မာနိုင်ငံရုံး ညွှန်ကြားရေးမှူးတို့က လက်မှတ်ရေးထိုးကြောင်းသိရပါတယ်။(NVS 004)

17 May

ADVERTISE HERE .