“ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်”

16 May

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးဆုများဖြစ်သည့် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု၊ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု တို့အတွက် ဆန်ခါတင်စာရင်းများ အသီးသီးထုတ်ပြန်ခဲ့ကြောင်း Sky Sports သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် အာဆင်နယ်အသင်းမှ ဒီကလန်ရိုက်၊ ဂါဘရီရယ်၊ ရာယာ၊ မန်စီးတီးအသင်းမှ ဆီမီညို၊ ဟာလန်း၊ မန်ယူအသင်းမှ ဖာနန်ဒက်၊ နော်တင်ဟမ်အသင်းမှ ဂစ်ဝှိုက်၊ ဘရန့်ဖို့ဒ်အသင်းမှ အီဂေါသီယာဂို တို့ပါဝင်လာခဲ့ကြပြီး မန်ယူအသင်းမှ ဖာနန်ဒက် က ထိပ်ဆုံးမှရေပန်းစားနေပါတယ်။ အလားတူ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်နည်းပြစာရင်းတွင် မန်ယူအသင်းနည်းပြ ကာရစ်၊ အာဆင်နယ်အသင်းနည်းပြ အာတီတာ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၊ ဘရန့်ဖို့ဒ်အသင်းနည်းပြ အန်ဒရူး၊ ဘုန်းမောက်အသင်းနည်းပြ အီရာလိုအာ၊ ဆန်းဒါးလန်းအသင်းနည်းပြ လီဘရစ် တို့ပါဝင်လာခဲ့ပါတယ်။ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်းမှ ချာကီ၊ အိုရိုင်လီ၊ ဝက်စ်ဟမ်းအသင်းမှ မာတီးယက်ဖာနန်ဒက်စ်၊ နယူးကာဆယ်အသင်းမှ လီဝစ်ဟော၊ ဘရန့်ဖို့ဒ်အသင်းမှ ကာယိုဒီ၊ ဘုန်းမောက်အသင်းမှ ခရူပီ၊ အဲလက်စကော့၊ မန်ယူအသင်းမှ ကိုဘီမိုင်နူး တို့ပါဝင်နေပါတယ်။(NVS 008)

16 May

ADVERTISE HERE .