“PDF အမည်ခံအဖွဲ့များမှ ၁၄၆ ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်”

16 May

နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၄၆ ဦးတို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ပြီး ၎င်းတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို မေလ ၁၅ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့်အတူ ပါရှိလာသည့် လက်လုပ် ပစ္စတိုသေနတ် ငါးလက်၊ မောင်းပြန်ရိုင်ဖယ်သေနတ်၊ စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းလက်ခံရယူခဲ့ပြီး ၎င်းလက်နက်များအတွက် ဂုဏ်ပြုဆုငွေ ၃၄၈ သိန်းကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ထို့အတူ ပစ္စတိုသေနတ် တစ်လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုးလက်၊ လက်ပစ်ဗုံး ၇၁ လုံး နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၆၆ ဦးတို့ကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ မိုင်းတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၄၀ နှင့်အမျိုးသမီး သုံးဦး စုစုပေါင်း ၄၃ ဦးကို ကလေးမြို့ရှိ အောင်ဆန်းခန်းမ၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၈ ဦးတို့ကို ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမတို့တွင် မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပခဲ့ပြီး အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၂၇ သိန်းနှင့် ဆုကြေးငွေအဖြစ် ၁၆၅၇ သိန်းအပြင် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

16 May

ADVERTISE HERE .