“ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်”
16 May
ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၁၅ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွာရေး(MSME)လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်တွင် အတန်းပညာမြင့်မားပြီး အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာရရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကိုကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင် ဖော်ဆောင်ပေးနိုင်မှာဖြစ်လို့ ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေး ရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရ ပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်လို့ စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်လူရွယ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရန်ကိုလည်း နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ပါတယ်။(NVS 004)