“Knock Out - 64 ပြိုင်ပွဲမှာ စူပါရေချမ်း ခေါင်ပွဲအဖြစ် ထိုင်းဖိုက်တာနဲ့ ထိုးသတ်မည်”
15 May
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Knock Out - 64 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ စူပါရေချမ်းဟာ ထိုင်းဖိုက်တာ ကောင်နာပါနဲ့ အဓိကခေါင်ပွဲအဖြစ် မေလ ၁၅ ရက်၊ သောကြာနေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကိုရာကူရန်ခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို ဂျပန်အခြေစိုက် တိုက်ခိုက်ရေးအားကစားနည်း ပရိုမိုးရှင်းဖြစ်တဲ့ Knock Out က ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ Knock Out - 64 ပြိုင်ပွဲမှာ မြန်မာရိုးရာဖိုက်တာ ၃ ဦးဖြစ်တဲ့ စူပါရေချမ်း၊ စောဘဟိန်း နဲ့ ဒန်းမိုက်သွေး တို့ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာရိုးရာဖိုက်တာ ၃ ဦးစလုံးက မွေထိုင်းပွဲတွေအဖြစ် ၃ မိနစ်၊ ၃ ချီ ယှဥ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ စူပါရေချမ်းက Knock Out Red -၆၃ ကီလိုတန်းမှာ ထိုင်းဖိုက်တာ ကောင်နာပါ၊ စောဘဟိန်းက Knock Out Red - ၆၃ ကီလိုတန်းမှာ ဂျပန်ဖိုက်တာ ယိုအာရှီဂီမိုရီ၊ ဒန်းမိုက်သွေးက Knock Out Red - ၅၁ ကီလိုတန်းမှာ ဂျပန်ဖိုက်တာ ဝါတာနာဘေးတို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ (NVS 008)