“ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်မယ့် နည်းပြ အက်ဒ်ဗိုကတ်”
15 May
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ၀ါရင့်နယ်သာလန်နည်းပြ အက်ဒ်ဗိုကတ် ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင် ထားတဲ့ ကူရာဆောအသင်းကို ပြန်လည်ကိုင်တွယ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အကြီးဆုံးနည်းပြ အဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ ကလပ်အသင်းပေါင်းများစွာနဲ့အတူ နယ်သာလန်လက်ရွေးစင်အသင်းကိုလည်း အကြိမ်ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ အက်ဒ်ဗိုကတ် ဟာ ကွန်ကာကပ်ဖ်ဒေသက ကူရာဆောလက်ရွေးစင်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ အက်ဒ်ဗိုကတ် က ကူရာဆောအသင်းကို ၂၀၂၄ ဇန်နဝါရီလမှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၅ နိုဝင်ဘာလမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကူရာဆော က ၁၇၁ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ကာရေဘီယန်ကျွန်း နိုင်ငံငယ်လေးဖြစ်တာကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကူရာဆောအသင်းဟာ ဂျာမနီ၊ အိုင်ဗရီကို့စ်၊ အီကွေဒေါတို့နဲ့အတူ အုပ်စု(E)မှာ ကျရောက်နေပြီး ဇွန်လ ၁၄ ရက်မှာ ဂျာမနီနဲ့ အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရမှာပါ ဖြစ်ပါတယ်။ (NVS 008)