“လီဂူးချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့တဲ့ PSG အသင်း”
15 May
PSG အသင်းဟာ ရာသီကုန်ဆုံးဖို့ တစ်ပွဲအလိုမှာ လီဂူးချန်ပီယံဆုကို စံချိန်တင် ၁၄ ကြိမ်မြောက် ဆွတ်ခူးခဲ့ ပါတယ်။ လက်ရှိပွဲကျန်အဖြစ် လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရကာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ PSG အနေနဲ့ အခုပွဲမတိုင်ခင် ချန်ပီယံဖြစ်ဖို့ တစ်မှတ်သာလိုပေမဲ့ အနိုင်ယူပြီး ကိုးမှတ်ဖြတ် ဗိုလ်စွဲခဲ့ပါတယ်။PSG အသင်းဟာ အမှတ်ပေးချန်ပီယံဆုကို နောက်ဆုံးငါးနှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ PSG အသင်းကို ရောက်လာတဲ့ နည်းပြ အန်နရီကေး က အသင်းကို နှစ်စဉ်နှစ်တိုင်း အမှတ်ပေးဖလား ယူပေးခဲ့ပါတယ်။ ၎င်းအနေနဲ့ အသင်းကို စတင်တာဝန်ယူကတည်းက ရရှိနိုင်တဲ့ ဖလား ၁၃ လုံးအနက် ၁၀ လုံး ရယူပေးခဲ့ပါတယ်။ (NVS 008)
15 May