“ပင်တဂွန်က အီရန်စစ်ပွဲကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်"

15 May

အမေရိကန်၏ အီရန်စစ်ပွဲအတွက် ပင်တဂွန်စစ်ဌာနချုပ်က ခန့်မှန်းကုန်ကျစရိတ်ကို ဒေါ်လာ ၂၉ ဘီလီယံ အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။ သို့သော် ထိုပမာဏသည် သုတေသနအဖွဲ့အစည်းအချို့၏ ခန့်မှန်းချက်များထက် များစွာလျော့နည်းနေဆဲဖြစ်သည်။ ကုန်ကျစရိတ်အများစုမှာ အီရန်ကိုတိုက်ခိုက်ရာတွင် အသုံးပြုသည့် ခဲယမ်းမီးကျောက် လက်နက်ပစ္စည်းများကြောင့်ဖြစ်သည်ဟု ပင်တဂွန်စစ်ဌာနချုပ် ယာယီစာရင်း စစ်ချုပ်က အောက်လွှတ်တော် အသုံးစရိတ်ကော်မတီသို့ပြောသည်။ သို့သော်အမေရိကန်သည် စစ်ပွဲ၏ပထမရက်ပေါင်း ၆ဝ အတွင်းမှာပင် ဒေါ်လာ ၇၁ ဒသမ ၈ ဘီလီယံခန့် သုံးစွဲပြီးဖြစ်ကြောင်း Security Policy Reform Institute တည်ထောင်သူ စတီဖင်ဆမ်လာ က ပြောသည်။ ထို့ပြင် CSIS သုတေသနအဖွဲ့၏ အဆိုအရ အမေရိကန်သည် စစ်ပွဲကြောင့် Patriot နှင့် THAAD ကဲ့သို့အရေးကြီး ဒုံးခွင်းဒုံးစနစ် လက်နက်များ၏ထက်ဝက်ခန့်ကို အသုံးပြုခဲ့ရကြောင်း သိရသည်။ အမေရိကန်၏ ထောက်လှမ်းရေး အစီရင်ခံစာအရ အီရန်သည် ၎င်း၏ဒုံးကျည်လက်နက် ၇၀ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

15 May

ADVERTISE HERE .