“ရှီကျင့်ဖျင်နှင့်ဒေါ်နယ်ထရမ့်တို့ ပေကျင်းမြို့၌ တွေ့ဆုံပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ရန် သဘောတူ”

15 May

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် မေလ ၁၄ ရက်တွင် ပေကျင်းမြို့ရှိ Great Hall of the People ခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။ ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို တည်ဆောက်သွားရန် သဘောတူကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောသည်။ ထို့ပြင် ယနေ့ကမ္ဘာ့ အခြေအနေများက ရာစုနှစ်တစ်ခုအတွင်း မတွေ့ကြုံဖူးသည့် ပြောင်းလဲမှုများ အရှိန်အဟုန်မြင့်ဖြစ်ပွား လာနေကြောင်း၊ နိုင်ငံတကာအခြေအနေသည်လည်း မတည်မငြိမ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း၊ အင်အားကြီး နိုင်ငံနှင့် အင်အားကြီးထွားလာဆဲနိုင်ငံတို့ကြားရှိဆက်ဆံရေးအခြေအနေ၊ အတူရင်ဆိုင်ဖြေရှင်းရမည့် ကမ္ဘာ့ရေးရာ စိန်ခေါ်မှုများ အစရှိသည့် မေးခွန်းများအတွက် ကမ္ဘာ့ခေါင်းဆောင်များအားလုံးက အတူတကွအဖြေပေးရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင် က ပြောသည်။ အမေရိကန်နှင့် မဟာဗျူဟာမြောက်ဆက်ဆံရေး တည်ဆောက်ရာတွင်လည်း အမြင်သစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုအမြင်သစ်က လာမည့်သုံးနှစ်တာကာလနှင့် နောက်ပိုင်းအထိ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်လမ်းညွှန်မှုကို ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုအမြင်သစ်ကို နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက လက်ခံရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် က ဆက်ပြောသည်။ အလားတူ နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးအတွက် ရှီကျင့်ဖျင်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း၊ နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင်အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော အင်အားကြီးနိုင်ငံများဖြစ်သောကြောင့် နှစ်နိုင်ငံသမ္မတများအနေဖြင့် နှစ်နိုင်ငံအတွက် သာမက ကမ္ဘာကြီးအတွက်ပါ ကြီးမားပြီး ကောင်းမွန်သည့်အရာများကို ပိုမိုလုပ်ဆောင်နိုင်ကြောင်း ဒေါ်နယ်ထရမ့် က ပြောသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများကို ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

15 May

ADVERTISE HERE .