“Build Smart & Biggest Myanmar Production Expo 2026 ပြပွဲကို ၃ ရက်ကြာ ကျင်းပမည်”
15 May
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ် အဖြစ် “Build Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲမှာ ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ နည်းပညာများကို အဓိကထားပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ပြပွဲအတွင်း စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း MCEF တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ အခုပြပွဲမှာလျှပ်စစ်ကား (EV) နှင့် သယ်ယူပို့ဆောင်ရေးနည်းပညာများ၊ စက်မှုသုံးယာဉ်များနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်အသစ်များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)