“လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ထောက်ပံ့”

15 May

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်း ကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေ ပြီး အစိုးရ၏လမ်းညွှန်ချက်နဲ့ ပြည်သူအတွက် ရက် ၁၀၀ စီမံချက်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ (NVS 004)

15 May

ADVERTISE HERE .