“ပဲခူးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ထုတ်ပေး”

14 May

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို မေလ ၁၃ ရက်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာထုတ်ပြန်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသန်းခေါင်စာရင်း အစီရင်ခံစာက ပဲခူးတိုင်းအတွင်းရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ အခြေအနေများကို တိကျစွာသိရှိနိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိကအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များအပေါ်အခြေခံ၍ နောင်တွင် ဒေသအကျိုးပြုမူဝါဒများနှင့် စီမံကိန်းများ စနစ်တကျရေးဆွဲနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၏ သန်းခေါင်စာရင်းအချက်အလက်များ တရားဝင်ထွက်ရှိလာပြီးဖြစ်သလို တစ်ဘက်မှာ ပြည်သူများအတွက် အရေးကြီးတဲ့ နိုင်ငံသားကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါတယ်။ (NVS 004)

14 May

ADVERTISE HERE .