“မန္တလေးနန်းတော်နှင့်ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူ”
14 May
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း (၅)ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများမှာ ပင်လယ်မိုင်းမောကုန်းအမှတ်(၂၂)ကို ထိန်းသိမ်းရန် အမိုးအကာဆောက်လုပ်ခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်ရှိ လိုအပ်တဲ့ လျှောက်လမ်းနေရာများမှာ ပေအုတ်ခင်းခြင်း၊ မြနန်းစံကျော်ရွှေနန်းတော်တိုင် များကို မြန်မာမှုလက်ရာ ယွန်းကြိုးထိုးခြင်း၊ မန္တလေးနန်းမြို့ရိုးအတွင်းရှိ စွယ်တော်စင်နှင့် ဗဟိုရ်စင်တို့ကို ပြုပြင် ထိန်းသိမ်းခြင်းတို့ ပါဝင်ပါတယ်။ တင်ဒါလျှောက်လွှာများကို ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်မှ စ တင်ရောင်းချမည်ဖြစ်ပြီး မေလ ၂၅ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။ တင်ဒါလျှောက်လွှာများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲရုံး၊(၂၈)လမ်းနှင့် လမ်း(၇၀)ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့သို့ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့်ရက်နှင့်နေရာကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)