“၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများ ကျောင်းသား/သူများ ခေါ်ယူ”

14 May

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီး ဌာနက ဖွင့်လှစ်ထားသော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ လက်ခံခေါ်ယူနေကြောင်း မေလ ၁၃ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ အခြေခံပညာကျောင်းများမှာ တက်ရောက်နိုင်ခြင်းမရှိတဲ့ သတ်မှတ်ထားသော ကိုယ်အင်္ဂါနှင့် ဉာဏ်ရည် မသန်စွမ်းမှု အမျိုးအစားများအလိုက် ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ကျောင်းအပ်နှံရာမှာ ကျောင်းသား၊ ကျောင်းသူများကို ကိုယ်တိုင်ခေါ်ဆောင်၍ လာရောက်အပ်နှံရမည်ဖြစ်ပြီး မေလ တတိယပတ်အတွင်း ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွေးချယ်ခံရသူများအနေဖြင့် ဖွံ့ဖြိုးမှုနယ်ပယ် ၅ ရပ်အပြင် နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများကို လေ့ကျင့် သင်ကြားရမှာဖြစ်ပါတယ်။ အဆိုပါသင်တန်းကျောင်းများမှာ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်)နှင့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(မန္တလေး)တို့ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

14 May

ADVERTISE HERE .