“ဧရာဝတီတိုင်းဒေသကြီးအတွင်း Football For School Program လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးစစ်ဆေး”
14 May
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေတဲ့ Football For School Program လုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးက လူငယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အခြေခံပညာကျောင်းများမှာ ကိုယ်လက်လှုပ်ရှားမှုနှင့်အားကစားလုပ်ငန်းများကို စနစ်တကျဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ကျောင်းများမှာ အားကစားသင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကိုးသိန်းအားကစားကွင်းအတွင်း တည်ဆောက်မည့် ဘက်စုံသုံး မိုးလုံလေလုံအားကစားရုံ မြေနေရာနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)ရှိ တည်ဆောက်ရေး လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)